Pokemon Xy

 Pokemon Xy





Genre - Action, Adventure, Comedy, Fantasy, Kids
IMDB  -Rating 7.3/10
Translator - Naing Thaw Htet
Encoder - Terry 


Synopsis

Pokémon Universe ရဲ့ ဇာတ်လိုက်ကျော်ကြီး Satoshi နဲ့ သူ့ရဲ့ partner Pikachu တို့ဟာ Pokémon တွေ ပိုမို ဖမ်းယူနိုင်ဖို့ အတွက် Kalos Region ကို ခရီး ဆက်ဖို့ Miare City ကို ရောက်ရှိလာခဲ့ပါတယ် ... 
ထိုအချိန်မှာပဲ Miare City ကို လည်ပတ်နေတဲ့ တီထွင်ပညာရှင်လေး Citron နဲ့ သူ့ရဲ့ ညီမ ဖြစ်သူ Eureka တို့ဟာ Satoshi နဲ​့ တွေဆုံခဲ့ပါတယ် ...
Citron နဲ့ Satoshi တို့ ၂ယောက် Quick Battle Challenge နေစဥ်အတွင်း Team Rocket Trio ရဲ့ နှောင့်ယှက်မှု, အဆိုပါ Team Rocket ကြောင့်ပဲ ဖြစ်ပေါ်လာခဲ့တဲ့ Gaburias (Garchomp) ရဲ့ သောင်းကျန်မှု အစရှိတဲ့ ပြဿနာ တွေအပြီးမှာတော့ Citron, Eureka နဲ့ Satoshi တို့ဟာ Team ဖွဲ့ပြီး ခရီးအတူ ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ...

Miare City နဲ့ ​ေ၀းလှပြီး ငြိမ်းချမ်းတဲ့ Asame Town မှာတော့ Professional Sihorn (Rhyhorn) Rider တစ်ယောက် ဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ သင်ကြားပေးမှုကြောင့် Sihorn Rider ဖြစ်ဖို​့ နေ့စဥ်လေ့ကျင့်ရေးဆင်းနေတဲ့ Serena ဟာ TV ကနေ Satoshi ရဲ့ Gaburias ပြဿနာ ဖြေရှင်းခန်းကို မြင်လိုက်ရပါတယ် ... ထိုအချိန်မှာ ပဲ သူငယ်ငယ်က ကောင်လေးတစ်ယောက်ကို သတိရသွားခဲ့ပါတယ် ... သူ့ရဲ့ ဘ၀ ကြီးကို လက်ရှိ အချိန်အထိ လွှမ်းမိုး ထားဆဲ ဖြစ်တဲ့ ထို​ကောင်လေးနဲ့ နောက်ထပ်ဆုံစည်း နိုင်ဖို့ရာ Serena တစ်ယောက် Miare City ကို ထွက်ခွါလာခဲ့တဲ့ အချိန်မှာတော့ ... ... ...

Pokémon Anime Franchise ကြီးရဲ့ 17 ခုမြောက် Season ဖြစ်တဲ​့ Pokémon XY series ဟာ Pokémon Generation 6, Region အသစ်ဖြစ်တဲ့ Kalos Region, နောက်ထပ် အနေနဲ့ လက်ရှိ အချိန်အထိ Pokémon Fan တွေကြား ရေပန်း အစားဆုံးဖြစ်နေဆဲ Mega Evolution တို့ကို မိတ်ဆက်ပေးခဲ့တဲ့ Pokémon X/ Pokémon Y ဆိုတဲ့ game series ၂ ခု ရဲ့ TV animation season တစ်ခုဖြစ်ပါတယ် ...
Pokémon Anime တွေရဲ့ ထုံစံအတိုင်း ပေါ့ပေါ့ပါးပါး စွန့်စားခန်း ဇာတ်လမ်းတွေကို မြင်ရမယ် ဆိုပေမယ့် ဒီ Season ဟာ ဆိုရင် Final League ရဲ့ Epic battle တွေ Satoshi နဲ့ Serena တို့ရဲ့ အခုထိဘာ​ဆက်ဖြစ်မယ်မှန်း မသိရသေးတဲ့ ဇာတ်လမ်းတွေကြောင့် လက်ရှိ ထွက်ပြီး သမျှ Season တွေထဲမှာ လူ​ကြိုက်အများဆုံး season တွေထဲက တစ်ခုဆိုလဲ မမှားပါဖူး ...
ကဲ ဒါဆိုရင်တော့ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် တစ်သိုက်ရဲ့ Kalos Region အတွင်းမှ စွန့်စား ခန်းတွေကို အခုပဲ စိတ်အ​မောပြေ ထိုင်​ကြည့်လိုက်ကြရအောင်ဗျာ ...
အားလံ​ုးပဲ သွားလမ်းသာလို့ လာလမ်းဖြောင့်ပြီး ဘေးရန်ကင်းပါစေဗျာ ...



Download

Episode.                     Link.                          Size
    
     0.                            Mega!                       163MB
     1.                            Mega!                       293MB   
     2.                            Mega!                       158MB